ရမ်းဗြဲမြို့၌ သံဃာတော်အပါး(၁၀၀)ကျော်နှင့် သီလရှင် ဆရာလေးများအား အဖိတ်နေ့တိုင်း အရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ သံဃာတော်အပါး(၁၀၀)ကျော်နှင့် သီလရှင် ဆရာလေးများအား အဖိတ်နေ့တိုင်း အရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူ






MNP ၊  စက်တင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ရမ်းဗြဲမြို့၌ မြို့ပေါ်ရပ်ကွက်ရှိဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ဆရာလေးများအား  အရုဏ်ဆွမ်းလောင်းလှူခြင်းကို ဝါခေါင်လဆုတ်(၁၃)ရက်  (အဖိတ်နေ့) ယနေ့  အရုဏ်တက်ချိန်  နံနက်(၄)နာရီခွဲအချိန်က ရမ်းဗြဲမြို့အမှတ်(၁)ရပ်ကွက်၊ စောမဲကျီလမ်းမ  အရုဏ်ဆွမ်းလောင်းအသင်းတည်ရှိရာ၌ ကုသိုလ်ပြု  လောင်းလှူခဲ့ကြောင်း သိရသည်။


အဆိုပါ အရုဏ်ဆွမ်းလှူဒါန်းခြင်းအား ရမ်းဗြဲမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အလှူရှင်များက ကုသိုလ်ဒါနပြု လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထိုသို့ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကိုအမှတ်(၁)ရပ်ကွက် ပရဟိတ လူငယ်များအသင်းက ဦးဆောင်ကြီးမှူး၍  ဝါတွင်းကာလ အဖိတ်နေ့တိုင်းတွင် ရမ်းဗြဲမြို့ပေါ် (၆)ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများမှ  သံဃာတော်အပါး(၁၀၀)ကျော်နှင့် သီလရှင်ဆရာလေးများအား လောင်းလှူသွားမည်ဖြစ်ကြောင်း၊ ဆွမ်းချက်ရန်နှင့် အခြားကိစ္စရပ်များအတွက် မတည်ငွေကို ဆွမ်းလောင်းအသင်းသူ/အသင်းသားများက ထည့်ဝင်မတည်ငွေနှင့် ယခင်နှစ်က လက်ကျန်ရန်ပုံငွေများ၊ အလှူခံရရှိငွေများဖြင့် အသုံးပြုဆောင်ရွက်ပါကြောင်း၊ အဖိတ်နေ့  ရောက်ရှိလာတိုင်းလည်း စေတနာရှင်အလှူရှင်များက လိုအပ်သည်များကို ကဏ္ဍအလိုက် လာရောက်လှူဒါန်းကြသည်ဖြစ်၍ အရုဏ်ဆွမ်းကို  လုံလောက်ပြည့်စုံစွာ လောင်းလှူနိုင်ပါကြောင်း၊ ပရဟိတ လူငယ်ဆွမ်းလောင်းအသင်း အနေဖြင့် ယခုနှစ်တွင် ပဥ္စမအကြိမ်မြောက် ကုသိုလ်ပြုလောင်းလှူခြင်း ဖြစ်ပါကြောင်းတို့ကို အဆိုပါ ဆွမ်းလောင်းအသင်းကို ဦးစီးဆောင်ရွက်သူ ကိုအောင်ကျော်စိန်က ပြောကြားသည်။


ဖော်ပြပါ ဆွမ်း/ဟင်းများကို ဆွမ်းလောင်းအသင်းလူငယ်များက ဟင်းလျာများဝယ်ယူစုဆောင်း ပြင်ဆင်ထားရှိပြီး နံနက်အရုဏ်တက်ချိန်တွင် ကိုယ်တိုင်ချက်ပြုတ်လောင်းလှူခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆွမ်းခံမကြွရောက်နိုင်သော ဘုန်းတော်ကြီးကျောင်းများကို ဆွမ်းလောင်းအသင်းလူငယ်များကိုယ်တိုင် သွားရောက်ပို့ဆောင် ကပ်လှူခဲ့ပြီး မြတ်သောဒါနအဖြစ် ကုသိုလ်ပြု လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။ 


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment