ရုရှား - ယူကရိန်းစစ်ပွဲကို အနောက်အုပ်စု မီဒီယာတွေမှာတော့ ရုရှားရဲ့ ကျူးကျော်စစ်လို့ ဖော်ပြကြပါတယ်။ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှာ စစ်ပွဲစတင်ခဲ့တယ်လို့ မှတ်တမ်းတွေမှာ တွေ့ရတဲ့အခါကြတော့ ရုရှား-ယူကရိန်းစစ်ပွဲဟာ တစ်နှစ်ခွဲကျော်လာခဲ့ပြီ ဖြစ်ပါတယ်။
အနောက်အုပ်စုမီဒီယာများရဲ့ အဆိုအရ ရုရှားကျူးကျော်စစ်လို့ ပြောရင် ရုရှားကလည်း အကြောင်းမဲ့ ကျူးကျော်ခြင်းတော့ မဟုတ်ပါဘူး။ အမေရိကန်နဲ့ အနောက်အုပ်စုအဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းကို အခြေပြုပြီး ရုရှားနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာခြင်းက အဓိကအကြောင်းအရင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။
အမေရိကန်ဟာ ယူကရိန်းနိုင်ငံအတွင်းမှာ စစ်ဘက်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်လာတယ်။ ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ် ထည့်သွင်းပြီး ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးဖို့ ပြင်ဆင်လာကြတယ်။ ဒါက အမေရိကန်နိုင်ငံနဲ့ ကိုနီနယ်ချဲ့ဥရောပနိုင်ငံတွေရဲ့ မှားယွင်းတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ စတင်တိုက်ခိုက်ခြင်း မပြုမီကတည်းက တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ ရုရှားဘက်က ကြိုးပမ်းခဲ့တာတွေ ရှိပါတယ်။
ယူကရိန်းနိုင်ငံသည်လည်း သူ့နိုင်ငံရဲ့ အရေးကိစ္စ သူ့မှာ လွတ်လပ်စွာ စီမံခွင့် ရှိပါတယ်။ သူဖြစ်ချင်တဲ့ ပုံစံမျိုး လုပ်ဆောင်ခွင့် ရှိပါတယ်။ မိမိနိုင်ငံရဲ့ ပထဝီအနေအထားပေါ်မူတည်ပြီး ချိန်ဆလုပ်သင့်ပါတယ်။ အမေရိကန်နှင့် မုသားအင်ပါယာ (အနောက်အုပ်စု) ရဲ့ အလိုဆန္ဒနောက်ကို လိုက်ပါပြီး လုပ်ဆောင်သင့်သလား၊ ပြည်သူတွေရဲ့ ကောင်းကျိုးကို ရှေးရှုစဉ်းစားသင့်သလားဆိုခဲ့ရင် မိမိပြည်သူတွေရဲ့ အကျိုးကို ရှေးရှုပြီးတော့ လုပ်ဆောင်သင့်တယ် မဟုတ်ပါလား။
သို့ပေသော် ဟာသလူရွှင်တော်တစ်ဦးဖြစ်တဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ပြည်သူတွေ ဘေးဒုက္ခကြုံတွေ့ရမှာကို အလေးမထားဘဲ အမေရိကန်နှင့် မုသားအင်ပါယာရဲ့ အလိုဆန္ဒအတိုင်း အစဉ်တစိုက် လိုက်ပါဆောင်ရွက်ခဲ့ပြီး စစ်သွေးကြွပုဂ္ဂိုလ်တစ်ဦးအဖြစ် မြင်တွေ့လာရပါတယ်။ အမေရိကန်ရဲ့ စနက်ကလည်း ကြောက်ဖို့ ကောင်းနေပြန်ပါတယ်။ သူခိုင်းတဲ့ အလုပ်ကို လုပ်မှာလား။ နောက်ကွယ်က ဇလန်းစကီးကို အညှာကိုင်ထားနိုင်တာတွေလည်း ရှိနေပြန်ပါတယ်။ ဇလန်းစကီးအနေနဲ့ ဒီလိုအခြေအနေအတွင်းက ရုန်းမထွက်နိုင်အောင် ချုပ်ကိုင်ထားမျိုးတွေ ရှိနေနိုင်ပါတယ်။
စစ်ပွဲဖြစ်လာပြီဆိုတာနဲ့ နှစ်ဖက်သေဆုံးမှုတွေ ရှိပါတယ်။ ယူကရိန်းစစ်သားတွေလည်း သေကျေပျက်စီးဆုံးရှုံးရသလို တိုက်ပွဲအတွင်းမှာ ရုရှားစစ်သားတွေ ကျဆုံးခဲ့ရတာလည်း ရှိတာပါပဲ။ နှစ်ဖက်နိုင်ငံမှာ ရှိတဲ့ ပြည်သူတွေလည်း စစ်ဘေးအနိဋ္ဌာရုံတွေ ကြုံတွေ့ရပြီး သေကျေပျက်စီးဆုံးရှုံးရပါတယ်။ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)မှ စပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့အထိ မှတ်တမ်းများအရ သေဆုံးသူ (၄၀၀၀၀) ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီအခြေအနေအထိ ရောက်လာသည့်တိုင်အောင် ငြိမ်းချမ်းရေးအတွက် ထိရောက်စွာ ကြားဝင်စေ့စပ်ပေးနိုင်တဲ့ အခြေအနေကို မတွေ့ရပါဘူး။ သမိုင်းအရ ပြောရင် ကမ္ဘာ့ကုလသမဂ္ဂ(UN) အနေနဲ့ ဒီအရေးအခင်းမှာ စစ်ပြေငြိမ်းဖို့ အဓိက ကြားဝင်စေ့စပ်ပေးရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ဦးသန့် ကမ္ဘာ့ကုလသမဂ္ဂ(UN) မှာ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ယူခဲ့စဉ်က အလားတူ ဖြစ်စဉ်မျိုးတွေ နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခတွေကို ပြေလည်အောင် ကြားဝင်စေ့စပ်ပေးနိုင်ခဲ့တဲ့ သာဓကများစွာ ရှိပါတယ်။ အခု ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်များကတော့ ကမ္ဘာကြီးငြိမ်းချမ်းဖို့ တာဝန်ယူထားခြင်းမျိုး မဟုတ်တော့ဘဲ ကုလသမဂ္ဂထိုင်ခုံပေါ်ကနေ စီးပွားရှာကြသူတွေလို ဖြစ်လာပါတယ်။ ရုရှား - ယူကရိန်း ပဋိပက္ခကို ပြေလည်အောင် ကြားဝင်ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။
ရုရှားရဲ့ အလိုဆန္ဒကတော့ ယူကရိန်းအနေနဲ့ အမေရိကန်ရဲ့ ကြိုးကိုင်မှုအောက်က ကင်းလွတ်နေစေချင်တယ်။ အမေရိကန်နဲ့ ပေါင်းပြီး သူ့နိုင်ငံကို ထိပါးလာမှာမျိုးကို မလိုလားဘူး။ ယူကရိန်းအနေနဲ့ စဉ်းစားမယ်ဆိုရင်လည်း အမေရိကန်နဲ့ ပူးပေါင်းပြီးတော့လည်း မိမိပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်နိုင်သလို အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနဲ့ မိတ်ဝတ်မပျက် ဆက်ဆံပြီးတော့လည်း မိမိပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အရှေ့တိုင်း နိယာမနဲ့ ပြောမယ်ဆိုရင်ဖြင့် အိန္ဒိယ၊ တရုတ်နိုင်ငံများဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမသင့်မြတ်တဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မြှောက်ပေးတယ်။ ကူညီပံ့ပိုးပေးတယ်။ မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး စစ်ပွဲတွေ ဖြစ်ပေါ်လာအောင် ဖန်တီးတယ်။ ရုရှားအနေနဲ့လည်း ယူကရိန်းကို ဒီလိုအခြေအနေမျိုး လုပ်ဆောင်လာတဲ့ အခင်းအကျင်းတွေ မြင်လာရပါတယ်။ ယူကရိန်းနယ်မြေထဲက ရုရှားသစ္စာခံမယ့် ပုဂ္ဂိုလ်တွေကို ရှာဖွေလာတယ်။ ကိုယ့်နယ်မြေကို ဦးဆောင်ခွင့် ပေးထားတာမျိုးတွေ ဖြစ်လာပါတယ်။
ယူကရိန်းအနေနဲ့ အမေရိကန်နှင့် အနောက်အုပ်စု(မုသားအင်ပါယာ) ကို ယုံကြည်ကိုးစားပြီး ကိုယ့်နိုင်ငံကို စစ်တလင်း အဖြစ်မခံသင့်ပါဘူး။ စစ်ပွဲဆိုတာ အသက်တွေနဲ့ ရင်းနှီးရတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးနည်းအရပဲ အပြန်အလှန် ထိန်းကျောင်းပြီး ရုရှားနဲ့ မိတ်ဝတ်မပျက် ဆက်ဆံသွားသင့်ပါတယ်။ အမေရိကန်၊ အင်္ဂလန်၊ ဂျာမဏီ ထံက စစ်လက်နက်အကူအညီတွေ ရနေသည့်တိုင်အောင် အသက်တွေ ရင်းနှီးပေးဆပ်ရတာက ယူကရိန်းနိုင်ငံသားတွေပဲ မဟုတ်ပါလား။ အမေရိကန်ကြေးစားစစ်သားတွေလာတယ်ဆိုတာလည်း အကန့်အသတ် တစ်ခုပါပဲ။ မီးလောင်ရာ လေပင့်ပေးဖို့လောက်သာပဲ ဖြစ်ပါတယ်။ တကယ်ရင်းနှီးပေးဆပ်ရမှာက ယူကရိန်းနိုင်ငံသားတွေပဲဖြစ်ပါတယ်။
ယူကရိန်းအကြောင်း ပြောတဲ့အခါ မြန်မာနိုင်ငံက နီပိန်း အာဏာရူးတွေလည်း ဇလန်းစကီးလိုပါပဲ။ အမေရိကန်ရဲ့ ဒေါသရမ္မက်တွေအတွက် ဖြည့်ဆည်းပေးနေကြသူတွေပဲ ဖြစ်ပါတယ်။ ယူကရိန်းသမ္မတ ဇလန်းစကီးက အမေရိကန်နဲ့ အနောက်အုပ်စု(မုသားအင်ပါယာ)ရဲ့ ဒေါသရမ္မက်အတွက် ယူကရိန်းပြည်သူတွေကို ချနင်းသလိုပဲ မြန်မာနိုင်ငံက NLD အာဏာရူးအုပ်စုဟာလည်း အမေရိကန်ရဲ့ဒေါသရမ္မက်အတွက် သူတို့ကို ထောက်ခံအားပေးတဲ့ နီပိန်းတွေကို ချနင်းသွားတာပဲ ဖြစ်ပါတယ်။ NLD ဦးဆောင်သူ နိုင်ငံရေးလုပ်စားသူများက လွတ်မြောက်နယ်မြေကို အရောက်ပြေးပြီးတော့မှ သူတို့ကို ထောက်ခံအားပေးတဲ့ နီပိန်းတွေကို အကြမ်းဖက်လမ်းစဉ်ပေါ်တွန်းပို့ပြီး အမေရိကန်ရဲ့ ဒေါသရမ္မက်အတွက် ပုံဖော်ကြတဲ့ လူလည်ကြီးများဖြစ်ပါတယ်။
NLD ပါတီက ပေါက်ဖွားလာသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေနဲ့အတူ သူတို့နဲ့ လက်တွဲပြီး အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ KIA, KNU, KNLA, KNPP, CNF အစရှိသော တိုင်းရင်းသား လက်နက်ကိုင် အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၁၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သလို နီပိန်းအကြမ်းဖက်သမားတွေလည်း ၄၀၀၀ ထက်မနည်းသေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဒေါသရမ္မက် က ရုရှားအင်အားကြီးထွားလာမှာကို မလိုလားတဲ့အတွက်ကြောင့် ယူကရိန်းကို ချုပ်ကိုင်ပြီး စစ်ပွဲဖန်တီးသလို မြန်မာပြည်မှာ တပ်မတော်နဲ့ ပြည်သူ ညီညွတ်နေမှာကို မလိုလားခြင်းကြောင့် နိုင်ငံရေးလုပ်စားသူများကို ချုပ်ကိုင်ပြီး သွေးခွဲသပ်လျှိုတာပဲ ဖြစ်ပါတယ်။
ဒီစစ်ပွဲတွေအတွင်းမှာ အမေရိကန်ဘက်က စစ်လက်နက်ပစ္စည်းတွေ၊ ငွေကြေးတွေ အကုန်အကျခံရတာမျိုးပဲ ရှိပါတယ်။ တကယ့် အသက်တွေ ရင်းနှီးပေးဆပ်လိုက်ရတာကတော့ ယူကရိန်း ပြည်သူတွေ၊ မြန်မာနိုင်ငံမှာတော့ မြန်မာပြည်သူတွေ (နီပိန်းတွေလည်း အကြမ်းဖက်သမားများအဖြစ်နဲ့ သေပွဲဝင်ရလို၊ နီပိန်းမဟုတ်တဲ့ ပြည်သူတွေမှာလည်း နီပိန်းအကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးနေရတာပဲ) ဖြစ်ပါတယ်။
ဇလန်းစကီးဟာလည်း အမေရိကန်ရဲ့ ရုပ်သေးဘဝက ရုန်းမထွက်နိုင်သလို မြန်မာနိုင်ငံက နီပိန်းအုပ်စုကတော့ ယူကရိန်းကို ကူညီသလို သူတို့ကိုလည်း ကူညီပေးဖို့ ဆင်လီးဆိတ်မျှော် တစာစာ အော်နေကြတာကို တွေ့မြင်ကြရပါလိမ့်မယ်။
လက်တွေ့ကျကျ အဖြေရှာကြည့်ရင် တကယ်ရင်းနှီးပေးဆပ်ရတာက ပြည်သူတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်စားသူတွေဟာ သူတို့ကိုယ်တိုင်လည်း အကြမ်းဖက်လှုပ်ရှားမှုမှာ မပါဝင်သလို သူတို့ မိသားစုဝင်တွေကိုလည်း အကြမ်းဖက်လှုပ်ရှားမှုထဲမှာ မပါဝင်စေပါဘူး။ သွေးထိုးလှုံ့ဆော်ရတာ လွယ်ကူတဲ့ လူငယ်တွေကို အဓိကပစ်မှတ်ထား လှုံ့ဆော်ပြီး အကြမ်းဖက်လှုပ်ရှားမှုကို ပုံဖော်သွားကြတာပဲ ဖြစ်ပါတယ်။ NLD က ဖြစ်စေ၊ ၈၈ က ဖြစ်စေ၊ အနုပညာရှင်ဆိုသူများ ဖြစ်စေ လွတ်မြောက်နယ်မြေကို အရောက်ပြေးကြတာပဲ ဖြစ်ပါတယ်။ သူတို့ကို အားပေးထောက်ခံတဲ့သူတွေ စစ်တလင်းထဲမှာ ကျန်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ယူကရိန်းပြည်သူတွေ ကြုံတွေ့နေရတဲ့ စစ်ဘေးဒုက္ခ၊ မြန်မာနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ဘေးအန္တရာယ် အားလုံးဟာ ငပွကြီး အမေရိကန်ရဲ့ ရက်စက်ယုတ်မာမှုတွေပဲ ဖြစ်ပါတယ်။ ရုရှားကို ဖြိုဖျက်ဖို့ ယူကရိန်းကို စစ်တလင်းဖြစ်အောင် ဖန်တီးသလို မြန်မာပြည်မှာ သူတို့ရဲ့ သြဇာခံ အစိုးရ အာဏာလက်မဲ့ ဖြစ်သွားတဲ့အချိန်မှာ တပ်မတော်နဲ့ ပြည်သူကို ရည်ရွယ်ချက်ရှိရှိ သွေးခွဲသပ်လျှိုပြီး ဖျက်ဆီးနေခြင်း ဖြစ်ကြောင်းကို ပြည်သူများ မှန်ကန်စွာ သုံးသပ်နားလည်နိုင်မယ်ဆိုရင်ဖြင့် -
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost
No comments:
Post a Comment