ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှရေကျော်ကျမှု လျော့နည်းကျဆင်းလာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှရေကျော်ကျမှု လျော့နည်းကျဆင်းလာ


MNP ၊ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှ ခြောက်ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှုလျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာကြောင်း အဆိုပါ ကြီးအုံကြီးဝတမံ တာဝန်ခံ(AE) ဦးစိုးတင့်ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်းမိုးရေဝင်ရောက်မှုရှိခဲ့ပြီး တမံရေပိုလွှဲမှ ၆ ဒသမ ၈ ပေခန့်အထိ ရေကျော်ကျမှုရှိခဲ့သဖြင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး စီမံချက်အရ အစိမ်းရောင်အလံများစိုက်ထူ၍ တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခြင်း၊ ရေကင်းတာဝန်ကျ ဝန်ထမ်းများကလည်း တမံကြံ့ခိုင်မှုအခြေအနေအား အလှည့်ကျစောင့်ကြည့်စစ်ဆေးခြင်းနှင့် တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေနှင့် ရေပိုလွှဲမှရေကျော်နေမှုများကို အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ယခုအခါ မိုးရွာသွန်းမှုလျော့နည်းသွားသဖြင့် ကြီးအုံကြီးဝတမံ၏ ရေပိုလွှဲမှရေကျော်ကျမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာပြီး ယနေ့နံနက် ၆ နာရီ တိုင်းထွာရာ၌ တမံရေပိုလွှဲမှ ၄ ဒသမ ၉ ပေခန့်သာ ရေကျော်ကျမှုရှိတော့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကြောင်း သိရသည်။


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)