အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်)၌ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်)၌ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်






MNP ၊ စက်တင်ဘာ ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကျောင်းသားကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီက သုံးမိုင်-ရွှေပြည်သာရပ်ကွက်၊ အစိုးနည်းပညာအထက်တန်းကျောင်းရှိ မင်္ဂလာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးဦးကြည်ဇော်ထွန်း က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးမှူး ဒေါ်သူဇာမျိုးကျော် က ပို့ဆောင်ဆက်သွယ်ရေးနှင့် လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေအရ တားမြစ်ချက်နှင့်ပြစ်ဒဏ်များ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော မော်တော်ယာဉ်များ လုပ်ငန်းလိုင်စင်ပြုလုပ်ဆောင်ရွက်စေရေးကိစ္စရပ်များနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ခရီးသည်တင်ယာဉ်လိုင်းများတွင် ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)မှ ရဲအုပ်မျိုးဇော်ဦးက လူကုန်ကူးမှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်သိန်း က ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးမှူး ဦးစောဝင်းလှိုင် နှင့် စစ်ဆေးရေးမှူးဦးဉာဏ်ဝင်းစိုး တို့က ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသည့် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက ဟောပြောပွဲဆိုင်ရာ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာအလိုက် ပြန်လည်ဖြေကြားခဲ့ကြကာ ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ဟောပြောပွဲတက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခြင်း၊ ကျောင်းသားကျောင်းသူများအား ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာဆရာမ (၂၇)ဦးနှင့် ကျောင်းသားကျောင်းသူ (၁၂၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)