MNP ၊ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် နှင့် အောင်လံခရိုင်ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊အောင်လံမြို့နယ်ပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊ ဆင်ပေါင်ဝဲမြို့နယ် ပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ အောင်လံမြို့ပေါ်ရပ်ကွက်စည်းမှူး၊ အမှုဆောင်များ ယနေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်မှ ပါတီ၏ မူဝါဒများ ရှေ့ဆက်လုပ်မည့်လုပ်ငန်းစဉ်များ၊ ရက်၉၀ စီမံချက်များ၏အရေးပါပုံများနှင့် လုပ်ငန်းအောင်မြင်အောင် မည်သို့ဆောင်ရွက်ရမည်များကို လမ်းညွှန်ခဲ့ပြီး အောင်လံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ချို၊ ဆင်ပေါင်ဝဲမြို့နယ် ပါတီဥက္ကဋ္ဌ တို့မှ လုပ်ငန်းများပြီးစီးမှု့နှင့် ဆောင်ရွက်နေဆဲကိစ္စများအား တင်ပြခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် က မြို့ပေါ် ရပ်ကျေးစည်းမှူးများအား ဆန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment