MNP ၊ စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံငွေဖြင့် ခန့်တည်ကြည် ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်နေသော အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း ၊ RCC(၂)ထပ်(၂၀၀ ပေ x ၃၀ ပေ)တည်ဆောက်နေမှုအားစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေး ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့်ယာဉ်များ စနစ်တကျထားရှိရေး ၊ ကျောင်းပတ်လမ်းအတွင်း ယာဉ်ကြီးများဝင်ထွက် သွားလာခြင်းမပြုရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment