ရွှေတောင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် အတွက်စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းသင်ယူမှုအခွင့်အလမ်းရရှိရေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် အတွက်စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းသင်ယူမှုအခွင့်အလမ်းရရှိရေး ဟောပြောပွဲ ကျင်းပ






MNP ၊  စက်တင်ဘာ  ၂၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထက ( ရွှေတောင်) အခြေခံပညာ အထက်တန်း ကျောင်း ရတနာခန်းမတွင် ယနေ့ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ပညာသင်နှစ် အတွက် စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းသင်ယူမှုအခွင့်အလမ်းရရှိရေး ဟောပြောပွဲ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က စက်မှု၊ စိုက်ပျိုးရေး နှင့်မွေးမြူရေး အထက်တန်းကျောင်းသင်ယူမှုအခွင့်အလမ်းအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။


ဆက်လက်၍ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်နွယ်မာအုန်းမှ ကျောင်းသား ၊ကျောင်းသူများ ကိုသင်ကြားပေးသောဘာသာရပ်များနှင့် မွေးမြူရေးဆိုင်ရာအကြောင်းအရာများကိုရှင်းလင်းဟောပြောပြီး တက်ရောက်လာသော ကျောင်းသား ၊ကျောင်းသူ မိဘများက သိရှိလိုသည်များပြန်လည်မေးမြန်းရာ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူးဦးမျိုးအောင်က ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)