MNP ၊ စက်တင်ဘာ ၂၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို Gavi အဖွဲ့ နှင့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူကျန်းမာရေး ဦးစီးဌာနတို့မှ ပူးပေါင်း ၍ စက်တင်ဘာ ၁၈ ရက်နေ့မှစ၍ မြို့နယ် အခြေခံပညာကျောင်းများရှိ ဆေးထိုးစုရပ် များတွင် ကွင်းဆင်း ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာ ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သော အမျိုးသမီးများမှာ ဒုတိယမြောက်အဖြစ်အများ ဆုံးရောဂါဖြစ်ကြောင်း၊ မိန်းကလေးငယ်များအား စောလျင်စွာ ကာကွယ်ဆေးထိုးနှံခြင်းက သားအိမ်ခေါင်း ကင်ဆာရောဂါကို အစောဆုံး ကာကွယ်နိုင်မည့် အခွင့်အလမ်း ဖြစ်ကြောင်း သိရသည်။
ပေါင်မြို့နယ်အတွင်း ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ ခြင်းကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ ၊ ပညာရေးဌာန ဝန်ထမ်းများ နှင့် လူမှုရေးအသင်း အဖွဲ့များမှ ပူးပေါင်း၍ စက်တင်ဘာ (၁၈) ရက်နေ့ မှ (၂၉ )ရက်နေ့ အထိ ကျောင်းသူ (၆၅၁၅)ဦးကိုဆေးထိုးစုရပ်(၁၀၅)ခုမှ ကျန်းမာရေးဝန်ထမ်း (၄၆)ဖွဲ့က (၆)ရက်ကြာ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment