တောင်ကုတ်မြို့၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ လူငယ်စကားဝိုင်း ကျင်းပ






MNP ၊  စက်တင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က အမှတ်(၂)၊အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)၊စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးလှထွန်း နှင့် အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်နု တို့က အမှာစကားပြောကြီးပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေ ကလူငယ်စကားဝိုင်းများကျင်းပပြု လုပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။


ထို့နောက် အထက်တန်းပြဆရာ ဦးကျော်သူအောင် က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-11 (A) မှ မမို့မို့ခင်ရှိန် မှ လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်း ကောင်း ၊ Grade-11 (A) မှ မောင်ထွန်းနေလင်း မှ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-11 (A) မှ မောင်ထွန်းအေး က လူငယ်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-10 (A)မှမလင်းမြတ်မိုး ကလူငယ်နှင့်ဆိုရှယ် မီဒီယာခေါင်းစဉ်ဖြင့်လည်းကောင်း ၊Grade-10 (C)မှ မမေသဇင်ဖြိုး ကလူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် လည်း ကောင်း ၊ Grade-10 (A)မှမောင်ဉာဏ်လင်းစိုး က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း ၊Grade-10 (A)မှ   မောင်ဇွဲထက်ကျော် က လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီးနောက် ကျောင်းသား၊ကျောင်း သူများ၏ ပြန်လည်မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူ အထက်တန်းပြဆရာ ဦးကျော်သူအောင် နှင့် ပါဝင် ဆွေးနွေးကြသည့်ကျောင်းသား၊ကျောင်းသူများက ပြန်လည်ဖြေကြားကြသည်။ထို့နောက် အခမ်းအနားသို့တက်ရောက် လာကြသည့် ‌ကျောင်းသား၊‌ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဆရးဦးစီးဌာနမှ ပြသထားသည့် လူငယ် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြသည်။


အခမ်းအနားသို့ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမ များ ၊ ကျောင်းသား၊ကျောင်းသူများစုစုပေါင်း(၃၀၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)