ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာတွင် တံမြက်စည်းလုပ်ငန်းမှ စျေးကွက်ဝင်အဆင်ပြေနေသည့်အတွက် တစ်နှစ်ပတ်လုံး လုပ်ကိုင်ရောင်းချလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာတွင် တံမြက်စည်းလုပ်ငန်းမှ စျေးကွက်ဝင်အဆင်ပြေနေသည့်အတွက် တစ်နှစ်ပတ်လုံး လုပ်ကိုင်ရောင်းချလျက်ရှိ




MNP ၊  စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာတွင် အသေးစားလုပ်ငန်းတစ်ခုဖြစ်သည့် တံမြက်စည်းလုပ်ငန်းမှာ စျေးကွက်ဝင်အဆင်ပြေနေသည့်အတွက်  ကိုင်းတံမြက်စည်းပင်ဝယ်ယူနိုင်သည့် ကာလမဟုတ်သော်လည်း ရင်းနှီးသိုလှောင်၍ တစ်နှစ်ပတ်လုံး လုပ်ကိုင်ရောင်းချနေကြောင်း သိရသည်။


အဆိုပါ ရွာတန်းရှည်ကျေးရွာတွင်ပြုလုပ်သော တံမြက်စည်းမှာကိုင်းတံမြက်စည်းပင်ကို ဝါးလက်ကိုင်ရိုးတပ်၍ လှပသေသပ်သော တံမြက်စည်းချောအဖြစ်လုပ်ကိုင်ကြပြီး ကိုင်းတံမြက်စည်းပင်ပေါက်သော ကာလဖြစ်သည့်  ဇန်နဝါရီလမှ မတ်လထိသာ ဝယ်ယူရရှိသောကြောင့် ယင်းလများတွင် အများဆုံးလုပ်ကိုင်ကြကြောင်း သိရသည်။ ကုန်ကြမ်းဖြစ်သည့် ကိုင်းတံမြက်စည်းပင်များ ပေါက်ရောက်သည့် ကာလတွင် အရင်းအနှီးစိုက်ထုတ်၊ ပိဿာချိန် (၁၀၀) လျှင် (၂၄၀၀၀၀) ကျပ်ဖြင့် ဝယ်ယူ၍ ခြောက်သွေ့အောင် နေပူလှမ်းသိုလှောင်ထားသောကြောင့် ယခုအချိန်တွင် လုပ်ငန်းမပျက်လုပ်ကိုင်ရောင်းချမှု အဆင်ပြေနေကြောင်း တံမြက်စည်းလုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်ဝင်းဌေးထံမှ သိရသည်။


တံမြက်စည်းချောတစ်ချောင်းဖြစ်ရန် အလုပ်သမားများနှင့် အဆင့်ဆင့်ပြုလုပ်ရပြီးတစ်ရက် အချောင်း (၁၀၀) ခန့်လုပ်နိုင်ပြီး  ဖောက်သည်ဈေးအနေဖြင့် (၁၀) ချောင်းလျှင် (၁၃၀၀၀) ကျပ်နှုန်းဖြင့် ဖြူးမြို့နယ်ဒေသအတွင်းတွင်မက ကရင်ပြည်နယ်ဘားအံနှင့် နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့များကပါ ပြန်လည်ရောင်းချရန်မှာယူကြကြောင်း သိရသည်။


နေမျိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)