ညောင်တုန်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်တုန်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊  စက်တင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ အောင်သင်းရေးသားသော "ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ" စာအုပ်ဖြင့် ယနေ့  နံနက်ပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးစန်းမြင့်နှင့် အဖွဲ့ဝင် စာရေးဆရာ မင်းဝေမှူး၊ ဦးမြင့်ဟန်တို့က ဦးဆောင်၍ "ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်မှ လူငယ်များအတွက် ကောင်းမြတ်သော ဘဝရည်မှန်းချက်များ၊ ကြီးပွားတိုးတက်ရေး အကြောင်းအရာများ စသည့် လူငယ်များအတွက် ဘဝအောင်မြင်တိုးတက်ရေး အကြောင်းအရာ များကို တက်ရောက်လာသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် အတူ ဆွေးနွေး ခဲ့‌‌သည်။


ထက်ဝေဖြိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)