နာဂဒေသတွင်ကျေးလက်လမ်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါစိစစ်ရွှေးချယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာဂဒေသတွင်ကျေးလက်လမ်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါစိစစ်ရွှေးချယ်


MNP ၊  စက်တင်ဘာ  ၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကျေးလက်လမ်းဖွံ့‌ဖြိုးရေးဦးစီးဌာန ခွင့်ပြရန်ပုံငွေဖြင့် နာဂဒေသအတွင်း ဆောင်ရွက်မည့် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ခြင်းကို ယမန်နေ့က နာဂဒေသစီမံအုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီးတင်ဒါ‌ ရွေးချယ်စိစစ်ရေးကော်မတီများမှ ဈေးနှုန်းအနည်းဆုံးတင်သွင်းသည့် လုပ်ငန်းရှင် များအား ပဏာမှတင်သွင်းလာသည့်နမူနာ ပစ္စည်းများအားစိစစ်ပြီး‌နောက် ရွေးချယ်စိစစ် အတည်ပြု ခဲ့ကြောင်းသိရသည်။


အဆိုပါ လုပ်ငန်းများတွင် လဟယ်မြို့နယ်မကျန်-တိုက်ရံကျေးရွာချင်းဆက် လမ်းကျောက် လမ်း(၁)မိုင် ခင်းခြင်းလုပ်ငန်းနှင့်လေရှီးမြို့နယ် ကော်လ်ကန်-ဖွေလင်-ရော်ပါးမီကျေးရွာချင်း စဆက်လမ်းပေါ်တွင် Box-Culvert (၁၀)စင်းတည်ဆောက်ခြင်း လုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ကျောက်၊ သဲ၊ ဘိလပ်မြေများ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ စိစစ်ခဲ့ကြောင်းသိရသည်။


အဆိုပါ တင်ဒါရွေးချယ်စိစစ်ရေးအခမ်းအနားသို့ နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တင်ဒါစိစစ်ရွေးချယ်‌ရေးကော်မတီများဖြစ်ကြသည့် နာဂဒေသအတွင်းရေးမှူး ဦးနေမင်းသူနှင့်အဖွဲ့ဝင်များ၊ ဒေသကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းဝင်းနှင့်ရုံးအဖွဲ့များ၊ လုပ်ငန်ရှင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment