ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဧရာဝတီတိုင်းဒေသကြီးတွင် မြစ်ကမ်းပါးနိမ့်ကျမှု ကာကွယ်ရေးလုပ်ငန်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဧရာဝတီတိုင်းဒေသကြီးတွင် မြစ်ကမ်းပါးနိမ့်ကျမှု ကာကွယ်ရေးလုပ်ငန်းကြည့်ရှုစစ်ဆေး


MNP ၊ စက်တင်ဘာ ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် တကုန်းကြီးရှိ ကန်ကြီးထောင့် မူလတန်းကြိုကျောင်း တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုပြီး ကလေးငယ်များနှင့် သင့်လျော်ကောင်းမွန်မည့်ကျောင်း အဆောက်အအုံ ဒီဇိုင်းပုံစံဖြင့် တည်ဆောက်နိုင်ရေး ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မအူပင်ခရိုင် ညောင်တုန်းမြို့ အမှတ်(၃) ရပ်ကွက် (၁၄)လမ်း နှင့် (၁၆) လမ်းအကြားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော မြစ်ကမ်းပါးနိမ့်ကျမှု ကာကွယ်ရေးလုပ်ငန်း၊ Bored Pile အခြေပြုကျောက်စီ မြေထိန်းတမံ အလျားပေ ၈၀၀ ဆောက်လုပ်ခြင်းလုပ်ငန်းကို ကြည့်ရှုပြီးရန်ပုံငွေကို ထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် လုပ်ငန်းစီမံချက်ကာလအတွင်း အရည်အသွေး ပြည့်မီစွာနှင့် အချိန်မီပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အမျိုးသမီးကလေးများ သင်တန်းကျောင်း(ထောက်ကြန့်)သို့ရောက်ရှိပြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းမှ ကျောင်းသူများ ကျောင်းပြင်ပပညာရေးသင်ကြားနေမှုနှင့် အသက်မွေးပညာ သင်ကြားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)