MNP ၊ စက်တင်ဘာ ၂၈
သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသောခရိုင်အဆင့်ဌာနဆိုင်များလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၃)ကို ယမန်နေ့ နံနက် ၁၀ နာရီ ကခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၊ခရိုင်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ်းယုမော် က e-ID စနစ်လုပ်ငန်းဆောင်ရွက်ရာတွင် ဒုတိယအဆင့် ဖြစ်သည့် Biometric အချက်အလက်များကောက်ယူခြင်း လုပ်ငန်းအဆင်ပြေစေရေးအတွက် ဌာနဆိုင်ရာအားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် နှင့် ဦးစားပေးအဆင့်အလိုက်ဆောင်ရွက် ပေးမည့် အခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်လုပ်ဆောင်မည့်အခြေအနေများကိုဆွေးနွေးတင်ပြကြရာ ဥက္ကဌ.က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍အထွေထွေဆွေးနွေးရာတွင် ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ကခရိုင်/ မြို့နယ် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီကိုဖွဲ့စည်း ထားပြီးဖြစ်၍ဌာနဆိုင်ရာများအနေဖြင့်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ခရိုင်တည်/ကော်၏ စစ်ဆေးမှုကိုခံယူနိုင်ရေးအတွက်လုပ်ငန်းများ ပြုစုတင်ပြရန်ဆွေးနွေးမှာကြားခဲ့ပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment