မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ




MNP ၊  စက်တင်ဘာ  ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာ  က ပုံပြင်ပြောပြိုင်ပွဲကျင်းပရခြင်းကြောင့် လူငယ်၊လူရွယ် ကျောင်းသား၊ ကျောင်းသူ များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေဖတ်ရှုခြင်းကြောင့် အသိ ပညာ၊ ဗဟုသုတများနှင့် ပုံပြင်ပါအကြောင်းအရာများကို လူအများရှေ့ဆောင်လမ်းပြ ပြောရဲ ၊ဆိုရဲ သည့် လူငယ်၊လူရွယ်များ ဖြစ်လာစေရန်နှင့် ပြိုင်ပွဲ၏စည်းကမ်းချက်များ   ရှင်းလင်းပြောကြားခဲ့ ပြီးနောက် ပုံပြင်ပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးက မိမိတို့ကြိုက်နှစ်သက်ရာ ပုံပြင်ခေါင်းစဉ်ဖြင့် ဝင်ရောက်ယဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)