ကျောက်ဖြူမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ







MNP ၊  စက်တင်ဘာ  ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က ကလေးသူငယ်များ၏ အခွင့်အရေးကိုဆောင်ရွက်နိုင်ရန် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကို ပြဌာန်းခဲ့ပြီး ကလေးသူငယ်၏ အကျိုးကိုပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ၂၀၁၉ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုပြဌာန်းခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ် ဥပဒေတွင် ကလေးသူငယ်ကို (၁၆)နှစ်အထိ သတ်မှတ်ပြီး၊ (၂၀၁၉) ခုနှစ်ဥပဒေတွင် ကလေးသူငယ်ကို(၁၈) နှစ်အထိ သတ်မှတ်ထားကြောင်း၊ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရာတွင်ဖြစ်ပြီးမှ ဆောင်ရွက်ခြင်းထက် ကြိုတင်ကာကွယ်ခြင်းသည် ပိုမိုထိရောက်ကြောင်း၊ ကလေး သူငယ်ကော်မတီဝင် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရင်း ကလေးသူငယ်အခွင့်အရေးများကို ပြည်သူလူထုအားလုံးသိရှိစေရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ချိုးဖောက်ပြီး အကြမ်းဖက်မှုများ ပေါ်ပေါက်လာပါက သက်ဆိုင်ရာဌာနများအား တတ်နိုင်သမျှစောလျှင်စွာ သိရှိနိုင်ရေးဆောင်ရွက်ကြရန်နှင့် အသိပညာပေးလုပ်ငန်းများကိုလည်း ပိုမိုဆောင် ရွက်သွားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များမှ ကလေးသူငယ်များနှင့်ပတ်သက်၍ ဌာနအဖွဲ့အစည်းအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြရာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟန်စိုးနှင့် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)