လိပ်သိုမြို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ တိုက်နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ တိုက်နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်






MNP ၊  စက်တင်ဘာ  ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို  ပုံမှန် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တိုက်နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် ဝန်ထမ်းများ၊ အမှတ်(၂) ၊ စစ်ဗျူဟာနှင့် ခမရ (၆၀၃)မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ဆေးရုံဝန်းအတွင်း သန့်ရှင်း သာယာလှပစေရေးအတွက် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ပင်ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊  တံမြက်စည်းလှည်းခြင်းနှင့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ခင်လေးနွယ် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)