MNP ၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် စက်တင်ဘာ ၁၁ ရက်ထိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများ နေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၁၅၁၃၄)ဦးထိ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ပြီးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ နေရာ အလိုက် အုပ်စုများခွဲကာ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်း သတ်မှတ်နေရာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေကာ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူပြီး Database တွင် သိမ်းဆည်းကာ မတူညီသောဂဏန်း (၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို Internet Line ကောင်းမွန်သည့် အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စုစည်း၍ အသက်(၁၀)နှစ်အထက် ရှိသူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန် မြန်မာနိုင်ငံ အတွင်း နေထိုင်သူများကို စိစစ် နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment