Bagan Heritage Trust (BHT) နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး (၂/၂၀၂၃) ကျင်းပ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Bagan Heritage Trust (BHT) နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး (၂/၂၀၂၃) ကျင်းပ ပြုလုပ်






MNP ၊  စက်တင်ဘာ  ၁၁

ပုဂံအမွေအနှစ်စောင့်ရှောက်ရေးအသင်း (Bagan Heritage Trust) နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ယမနေနေ့ နံနက် ၁၀ နာရီအချိန်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် ဌာနနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်၊ BHT ၏ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးရန် ရည်ရွယ်ချက်များဖြင့် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာမှုများကို အရေးပေါ် တုံ့ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘုရားများပေါ်တွင် ပေါက်ရောက်နေသည့် အပင်များအား ဓာတုဆေးဖြင့် ရှင်းလင်းဖယ်ရှားရာတွင် ဓာတ်ခွဲခန်း ဌာနစိတ်မှ ဝန်ထမ်းများဖြင့် လုံလောက်မှု မရှိ၍ BHT မှ ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အပင်များရှင်းလင်းဖယ်ရှားရာတွင် သမိုင်းတန်ဖိုး၊ ဗိသုကာလက်ရာတန်ဖိုး မြင့်မားသည့် ဘုရားများကို ဦးစားပေးအလိုက် စိစစ်ဆောင်ရွက်သင့်ပါကြောင်း၊ BHT အနေဖြင့် မျိုးဆက်သစ်များ၏ Capacity မြှင့်တင်နိုင်ရန်အတွက် ပုဂံဌာခွဲနှင့် ပူးပေါင်း၍ ဓာတုဆေးဖြင့် အပင်များ ရှင်းလင်းဖယ်ရှားခြင်းသင်တန်းကို ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပြောကြား သည်။


 ဆက်လက်ပြီး BHT အဖွဲ့က ပုဂံဒေသသည် သစ်ပင်များစိုက်ရန်လိုအပ်သည့် နယ်မြေ မဟုတ်ပါကြောင်း၊ BHT အနေဖြင့် အပင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဌာနနှင့်လစဉ် ပူးပေါင်း၍ ဆောင်ရွက်ရန် စီစဉ်လျာထားလျက်ရှိပါကြောင်း၊ လိုအပ်ချက်အရတံခါး များထားရှိသည့် ဘုရားများ၏ အပေါ်ပိုင်းကိုလည်း Monitoring ပုံမှန်ဆောင်ရွက်သင့်ပါကြောင်း၊ ပုဂံဌာနခွဲနှင့် ပူးပေါင်း၍ သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲများ ပြုလုပ်ဆောင်ရွက်လိုပါကြောင်း ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment