MNP ၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေချိူကျေးရွာတွင် ချည်မျှင်ရှည်ဝါ B31 စိုက်ဧက ၅၀ စံပြကွက်နှင့် မျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ဧက ၁၀ ဧက တို့ စိုက်ပျိုးဖြစ်ထွန်းနေမှုအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ် ချည်မျှင်ရှည်ဝါသီးနှံကို မိုးကြိုရာသီတွင် စိုက်ဧက ၉၀၀ ၊ မိုးရာသီတွင် စိုက်ဧက ၃၆၀၀ ၊ မိုးနှောင်းရာသီတွင် စိုက်ဧက ၈၄၀၀ စုစုပေါင်း စိုက်ဧက ၁၂၉၀၀ စိုက်ပျိုးနိုင်ရန် လျားထားခဲ့သည်။ ၂၀၂၂-၂၀၂၃ခုနှစ် မိုးကြို၊ မိုး၊ မိုးနှောင်းရာသီတွင် ရွှေတောင်(၈)နှင့် ရွှေတောင်(၁၀)မျိုး များကို အဓိကထား စိုက်ပျိုးခဲ့ပြီး မိုးကြိုရာသီတွင် စိုက်ပျိုးခဲ့သော ဝါမျိုးစေ့ထုတ်မှ ထွက်ရှိသည့် ရွှေတောင်(၁၀)မျိူးများကို ပိဿာ ၆၀၀၀ ၊ စိုက်ဧက ၂၀၀၀ စာကို စုဆောင်းထားရှိပြီး ယခုနှစ် မိုး/မိုးနှောင်းရာသီအတွက် အခမဲ့ ပြန်လည်ဖြန့်ဖြူးထားသည့်အပြင် ကွက်ငယ်ကျေးရွာအုပ်စု ကြာကန်ကျေးရွာတွင်လည်း မိုးကြိုချည်မျှင်ရှည်ဝါ B31 (၇၅)ဧကကို ဖြန့်ဖြူး၍ စိုက်ပျိုးနိုင်ခဲ့သည်။
၎င်းအပြင် ရေချိုကျေးရွာနှင့် ဝါးရုံကျေးရွာတို့တွင် မိုးချည်မျှင်ရှည်ဝါသီးနှံ B31 စိုက်ဧက ၁၀၀ စံပြကွက်နှင့် ချည်မျှင်ရှည်ဝါ B31 ၊ Raka 666 ၊ ရွှေတောင် (၈)နှင့် ရွှေတောင် (၁၀)ဝါမျိုးများ ယှဉ်ပြိုင်စမ်းသပ် စိုက်ဧက ၂၀ ကို ဖြန့်ဖြူး၍ စိုက်ပျိုးထားရှိသည်။ အဆိုပါ စိုက်ဧကများအနက် ရေချိုကျေးရွာတွင် မိုးချည်မျှင် ရှည်ဝါသီးနှံ B31 စိုက်ဧက ၅၀ စံပြကွက်နှင့် ချည်မျှင်ရှည်ဝါ B31 ၊ Raka 666 ၊ ရွှေတောင် (၈)နှင့် ရွှေတောင် (၁၀)ဝါမျိုးများ ယှဉ်ပြိုင်စမ်းသပ် စိုက်ဧက ၁၀ တို့ စိုက်ပျိုးထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးက စိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
သိန်းမြင့်ကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment