MNP ၊ စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာအုပ်စု၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဝယ်ယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များဖြင့် နွေစပါးအကြို စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်နှင့် ဝေါမြို့နယ်ရှိ တောင်သူလယ်သမားများ၊ အုန်းနှဲကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းမှ ကျောင်းသားသူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးနည်းစနစ်များပြောင်းလဲနိုင်ရေး၊ သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ဖူလုံစွာရရှိရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိနေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်နှင့် ဝေါမြို့နယ်ရှိ တောင်သူလယ်သမားများ၊ အုန်းနှဲကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းမှ ကျောင်းသားသူများအား စိုက်ပျိုးရေးဦးစီးဌာနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝယ်ယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် အသုံးပြုပုံများ၊ ပျိုးထောင်ပုံနှင့် ပျိုးထုံးများလှီးဖြတ်ပုံအဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြ ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် မိုးစပါးရေကျနောက်စိုက် လယ်မြေ(၂၀)ဧက၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝယ်ယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်နှင့် ဝေါမြို့နယ်ရှိ တောင်သူလယ်သမားများ၊ အုန်းနှဲကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းမှ ကျောင်းသားသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမိုး
#MyanmarNationalPost
No comments:
Post a Comment