မာန်အောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးရေးအသိပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးရေးအသိပေးဆွေးနွေးပွဲကျင်းပ






MNP ၊  စက်တင်ဘာ  ၁၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ အသက် (၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း မြို့နယ်အဆင့်အသိပညာပေး ဆွေးနွေးပွဲကိုယနေ့ နံနက်(၁၀)နာရီကမြို့နယ်ပြည်သူ့ဆေးရုံ၊အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမင်းက  သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံရခြင်းနှင့် ပတ်သက်၍ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ကုသခြင်း ၊ ရောဂါကူးစက်ခြင်း ဆိုင်ရာ လက္ခဏာများ ၊ကာကွယ်ဆေး ထိုးနှံပေးသွားမည့်အစီအစဉ်များအားအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ 


    ထို့နောက် သားအိမ်ခေါင်းရောဂါကာကွယ်ဆေး ထိုးနှံမှုများနှင့် ပတ်သက်၍Video Clipsနှင့်ပြသခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


     မာန်အောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းကိုစက်တင်ဘာလ(၁၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျောင်းအခြေပြု  ကာကွယ်ဆေး ထိုးနှံခြင်း အဖြစ်လည်းကောင်း ၊ အောက်တိုဘာလ အတွင်း၌  ပြည်သူအခြေပြုကာကွယ်ဆေး ထိုးနှံခြင်းအဖြစ်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment