မြောက်ဦးမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး




MNP ၊  စက်တင်ဘာ  ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများတွင် လုပ်ငန်းဆိုင်ရာ မှတ်ပုံတင်များနှင့်လုပ်ငန်းဆောင်ရွက်ရာတွင် သန့်ရှင်းမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ရေသန့်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ရေသန့်စက်ရုံများကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါက်တာတင်ကိုဝင်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပိုင်ထက်အောင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးမောင်မောင်၊ စားသုံးသူ ရေးရာဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးလှမောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ကျန်းမာ ရေးဦးစီးဌာန မှ ကျန်းမာရေးမှူး ဦးမောင်မောင်သန်း ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး တို့ 

ပူးပေါင်းအဖွဲ့သည်   NINE သောက်ရေသန့်စက်ရုံ နှင့် KING သောက်ရေသန့်စက်ရုံများသို့ သွား ရောက်ကာ ရေသန့်စက်ရုံအင်္ဂါရပ်နှင့် ညီညွတ်မှုရှိ/မရှိ ၊ စည်ပင်လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ အစားအသောက် ကုန်ထုတ်လုပ်ခွင့်လက်မှတ် ရှိ/မရှိ၊ စက်မှုလုပ်ငန်းမှတ်ပုံတင်ရှိ/မရှိ နှင့် ရေသန့်ဘူးကြမ်း စနစ်တကျဆေး ကြောသန့်ရှင်းရေးပြုလုပ်နေမှုအခြေအနေ၊ ဝန်ထမ်းများ၏ ကျန်းမာရေးဆေးစစ်ဆေးထားမှု အခြေအနေ  ၊ ရေသန့်ဘူးထုပ်ပိုးမှုစနစ် နှင့်ဈေးကွက်သို့ ရောင်းချနေသည့် ရေသန့်ဘူး အမျိုးအစားများစသည်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


မြင့်စိုး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)