ကျောက်တလုံးကြီးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တလုံးကြီးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ


MNP ၊  စက်တင်ဘာ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးစီး၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ကျောက်တလုံးကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။


စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဲနုထွန်း၊ ဦးစီးအရာရှိ ဦးစိန်မောင်ဌေး၊ ကျောက်တလုံးကြီးမြို့ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးများက တက်ရောက်ကြည့်ရှုအားပေးကြပြီး ကျောင်းသား၊ ကျောင်းသူများက “ရာသီဉတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး (Montreal Protocol: Fixing the Ozone Layer and Reducing Climate Change)”ခေါင်းစဉ်ဖြင့် ကဏ္ဍအလိုက် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။


ပြိုင်ပွဲတွင် အ.ထ.က ကျောက်တလုံးကြီး၊ အ.ထ.က(ခွဲ)နောင်ခဲ၊ ပင်တွန်၊ ဆောင်းဖိုးမှ ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲသို့ (၄၅)ဦး၊ ပန်းချီပြိုင်ပွဲသို့ (၂၉) ဦးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိသူများအား စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဇော်နိုင်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)