နေပြည်တော်တွင် သင်္ကန်းခြုံ၍ လုယက်မှုများ ကျူးလွန်နေသူများကို ထိန်းသိမ်းသင့်ကြောင်း ရေးသားဖော်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်တွင် သင်္ကန်းခြုံ၍ လုယက်မှုများ ကျူးလွန်နေသူများကို ထိန်းသိမ်းသင့်ကြောင်း ရေးသားဖော်ပြ




MNP ၊ စက်တင်ဘာ ၈

နေပြည်တော်မြို့နယ်အချို့တွင် သင်္ကန်းခြုံ၍ အလှူယောင်ဆောင်ကာ လုယက်မှုများ ကျူးလွန်နေသူများကို ထိန်းသိမ်းပေးစေလိုကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြမှုများကို တွေ့မြင်ရသည်။

လုယက်သူများသည် ဆိုင်ကယ်ဖြင့် သင်္ကန်းဝတ်ဆင်ထား "အလှူငွေတောင်းပါတယ်။ လူရှင်းတယ်ဆိုရင် လုယက်ပါတယ်။ အကြောင်းပြချက်က အင်ဂျင်ဝိုင်ပြတ်လို့ ပေပါဆီထည့်ချင်တာရယ်။ အင်ဂျင်ဝိုင်ပြတ်ပြီ အင်ဂျင်ကွဲသွားလို့ဆိုတာရယ် အများစုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ကြုံခဲ့တာ ပထမဆုံးက. ပုဗ္ဗသီရိမှာပါ။ ပထမအကြိမ်မှာ တကယ်ထင်ပြီးလှူခဲ့ပါတယ်။" ရေးသား ဖော်ပြထားသည်။

အဆိုပါ လုယက်သူများသည် ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပုဗ္ဗသီရိတောင်ကြား၊ သိုက်ချောင်း၊ ကညနလမ်းဆုံ၊ ရွာတော်ဈေး၊ ဥပ္ပါတသန္ထိဘုရားကြီးလမ်းမနှင့် ပျဉ်းမနားမြို့နယ် နေရာအနှံတွင် လုပ်ကိုင်နေကြောင်း သိရသည်။

အဆိုပါ လုယက်သူများနှင့် မကြာခဏကြုံတွေ့ရပြီး သာသနာရေးကို တိုင်မယ်ဟု ပြောကြားသော မောင်းမရဟု လိမ်ညာပြောဆိုထားသော ဆိုင်ကယ်ဖြင့် မောင်းပြေးသွားကြောင်း၊ အခုလို ဘာသာရေး ထိခိုက်စော်ကားခံနေရချိန် သံဃာယောင်ဆောင်ပြီး အကြမ်းဖက်လုယက်နေတဲ့ကိစ္စ နေပြည်တော်လိုနေရာမှာဖြစ်နေတာ ထိန်းသင့်ကြောင်း ရေးသားဖော်ထုတ် ထားသည်။


#MyanmarNationalPost

No comments:

Post a Comment