သီတဂူဗုဒ္ဓတက္ကသိုလ် (နေပြည်တော်) တည်ဆောက်ရန်အတွက် မြေလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတဂူဗုဒ္ဓတက္ကသိုလ် (နေပြည်တော်) တည်ဆောက်ရန်အတွက် မြေလှူဒါန်း









MNP ၊ စက်တင်ဘာ ၈

သီတဂူဗုဒ္ဓတက္ကသိုလ် (နေပြည်တော်) ဆောက်လုပ်ရန်အတွက် ဦးဆက်ပိုင်မှူး + ဒေါ်သဲစုလှိုင်၊ သမီး မရွှေလမင်းအိမ် မိသားစုနှင့် ဒေါက်တာစိုးမိုးကျော် + မလှိုင်စပယ်အောင်၊ သမီး မဖြူစင်စိုးမိုး၊ သား မောင်ရွှေရောင်စိုးမိုး "လှိုင်"သောက်ရေသန့် မိသားစုတို့မှ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဗုဒ္ဓဂါယာအနီးတွင် မြေ ၁၀.၄၀ ဧကကို လှူဒါန်းလိုက်ကြောင်း သိရသည်။

ဒေါက်တာသီဟဉာဏာလင်္ကာရာဘိဝံသ သီတဂူဗုဒ္ဓတက္ကသိုလ် (သန်လျင်)မှ လှူဒါန်းမှုကို အလှူခံတော်မူပြီး အလှူရှင်များက စာချုပ်စာတန်းတွင် လက်မှတ်ရေးထိုး လှူဒါန်းဆက်ကပ်ကြပြီး လှူဒါန်းသည့် မြေနေရာကို ဆရာတော်များ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment