ဏ္ဏားကျွန်းမြို့နယ် မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဏ္ဏားကျွန်းမြို့နယ် မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ




MNP ၊  စက်တင်ဘာ  ၈

  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မုန်တိုင်းသင့်ပြည်သူများ စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်၊ ဒေါ်နှင်းကြာမိ ဆီအရောင်းဆိုင်တွင် ယနေ့၊ နံနက်ပိုင်းက စားအုံးဆီများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။


  ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၄၇၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စုတစ်စုလျှင်  တစ်ပိဿာနှုန်းဖြင့် မြို့သစ်ရပ်ကွက် အတွင်းရှိ ပြည်သူများအတွက် စားအုံးဆီပိဿာ  ၅၅၀ ပိဿာကို သက်သာသောဈေးနှုန်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)