MNP ၊ စက်တင်ဘာ ၈
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် မြို့ဦးကျေးရွာတွင် စက်တင်ဘာ ၇ ရက်နေ့ ၂၀ နာရီအချိန် စိတ်ကြွရူး သွပ်ဆေးပြား များနှင့်အတူ တရားခံတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ မောင်တောမြို့၊ မြို့ဦးရပ်ကွက် ၊ ဟော်ရီတူလာ ကျေးရွာနေ မာတာလင်(ကျား)၏နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်းအားတွေ့ရှိပြီး နေအိမ်ရှေ့တံစက်မိတ် ခေါင်မိုးကြား မှ အပြာရောင် ပလက်စတစ်ကပ်ခွာအိတ်အတွင်းထည့်ထားသည့် WY နှင့် R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ် ဆေး ပြား ၁၇၀ ပြားပါ ၁ ထုပ် နှင့် ၁၄၅ ပြားပါ ၁ ထုပ် စုစုပေါင်း ဆေးပြား ၃၁၅ပြား ၊ အလေးချိန် ၂၈ ဒဿမ ၃၅ ဂရမ်ခန့် နှင့် နေအိမ်မီးဖိုခန်းရှိ မီးဖိုအတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲရန် ပြုပြင်ထားသည့် ပလက်စတစ်ပိုက်တပ်လျက် အကြည်ရောင် ကော်ဗူး တစ်ဗူးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းပြီး မူးယစ်ဆေးဝါးများ နှင့်အတူ လက်ဝယ် တွေ့ရှိသူ မြို့ဦကျေးရွာအုပ်စု ၊ ဟောနီတူလာကျေးရွာနေ မာတာလင် အသက်(၄၁)နှစ် ၊(ဘ)နုရ်အာမိန်အား မောင်တောမြို့မရဲစခန်းတွင် မယ(ပ)၂၂/ ၂၀၂၃ ၊ မူး/စိတ်ပုဒ်မ ၁၉ (က) အရအမှု ဖွင့်လှစ်ပြီးတရားဉပဒေအရ အရေး ယူနိုင်ရေး နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးနိုင်ရေး သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ဝေလ
https://t.me/MyanmarNationalPost
No comments:
Post a Comment