ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ




MNP ၊  စက်တင်ဘာ  ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသော "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က အဆိုပါ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအား ကျေးဇူးတင်စကား ပြောကြားပြီးနောက် "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက အဆိုပါစာအုပ်ကို ဖတ်ရှုလေ့လာခဲ့ပြီး အပြန်အလှန်ဆွေးနွေးရာ "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ပါ ဆောင်းပါးများကို မောင်အောင်မင်းခန့်ဦးက "လူငယ်နှင့်အမှား" ခေါင်းစဉ်ကိုလည်းကောင်း၊ မောင်လင်းသူရဖြိုးက "လူငယ်နှင့်အောင်မြင်ခြင်း" ခေါင်းစဉ်ကိုလည်းကောင်း၊ မသွန်းရွှေစင်က "လူငယ်နှင့် အလှအပ" ခေါင်းစဉ်ကိုလည်းကောင်း၊ မောင်မျိုးမင်းထိုက်က "လူငယ်နှင့်တာဝန်သိမှု" ခေါင်းစဉ်ကိုလည်းကောင်းနှင့် မနှင်းရွှေရည်က "လူငယ်နှင့်လူမူရေးအတွေးများ" ခေါင်းစဉ်ကိုလည်းကောင်း၊ စာပေချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဝင်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး(တာဝန်ပေး)က နိဂုံးချုပ်ဆွေးနွေးရာတွင် လူငယ်များအတွက် အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေမည့် အတွေးအမြင် ခံယူချက်စိတ်ထားနှင့် ဗဟုသုတများတိုပွားလာစေရန်၊  အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်၊ အချိန်ကို  အကျိုးရှိစွာ အသုံးချတက်စေရန်၊ မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များ ပူပေါင်း၍ လူငယ်များအား နှိုးဆော်ပေးစေလိုကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ခင်ခင်လဲ့

https://t.me/MyanmarNationalPost




No comments:

Post a Comment