ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ် ရေးအသိပညာပေး နံရံကပ်စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ် ရေးအသိပညာပေး နံရံကပ်စာစောင်ပြသ




MNP ၊  စက်တင်ဘာ  ၂၅

လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာအသိပညာဗဟုသုတများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် သထုံခရိုင် ပေါင်မြို့နယ် ပြန်ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန့်မ၌ နေ့စဉ် ပြသထားကြောင်း သိရသည်။


အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၏ရည်ရွယ်ချက်၊ လူကုန်ကူးမှုပုံစံနှင့်နည်းလမ်းများ၊ လူကုန်ကူးခံရသူများ၏ နောက်ဆက်တွဲ ဆိုးကျိုးများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ဆောင်ရန်ရှောင်အချက်များ၊ ပြည်ပသို့ထွက်ခွါပြီးအလုပ်လုပ်တော့မည်ဆိုရင်သိထားရမည့်အချက်များ၊ လူကုန်ကူးမှုပပျောက်ရေးပြည်သူအားလုံးပါ

ဝင်ပေးစသည့်အချက်များပါဝင်သည့်အသိပညာပေးနံရံကပ်စာစောင်များကို  ပြသထားပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါလူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ကို ကျောင်းသားကျောင်းသူများနှင့် ပြည်သူများမှ စိတ်ဝင်တစားလာရောက်ကြည့်ရှုကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)