မာန်အောင်မြို့နယ်တွင်ဒေသခံပြည်သူများအား စားသုံးဆီများကိုစျေးနှုန်းသက်သာစွာဖြင့်ဖြန့်ဖြူးရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင်ဒေသခံပြည်သူများအား စားသုံးဆီများကိုစျေးနှုန်းသက်သာစွာဖြင့်ဖြန့်ဖြူးရောင်းချပေးလျက်ရှိ




MNP ၊  စက်တင်ဘာ  ၂၅

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ လက်လီ အရောင်းဈေးကားဖြင့်ယနေ့ နေ့လယ်ပိုင်းက ကွမ်းမြိုင်

ကုန်းကျေးရွာနှင့်ဘဲအင်းကျေးရွာဒေသခံ ပြည်သူများအား စားသုံးဆီများကိုသက်သာသောစျေးနှုန်းဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။


  ထိုသို့ ရောင်းချရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် မာန်အောင်မြို့နယ် စားသုံးဆီ အရောင်းကိုယ်စားလှယ်ဒေါ်မေမေအောင်နှင့်အဖွဲ့က ကွမ်းမြိုင်ကုန်းကျေးရွာနှင့်ဘဲအင်းကျေးရွာ ပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင်(၅၁၀၀)ကျပ်နှုန်းဖြင့် ဆီ(၅၅၀)ပိဿာအားကျေးရွာအရောက် လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)