MNP ၊ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆာဖိုးသာစပါးစမ်းသပ်ကွက် စိုက်ပျိုးထားမှုအား တောင်သူအသိပညာပေးခြင်းကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ တောင်သူအသိပညာပေးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ဒေသခံ တောင်သူများ ဝမ်းစာဖူလုံရေးအတွက် အထွက်နှုန်းကောင်း မျိုးကောင်းမျိူးသန့်များကို စိုက်ပျိုးပေးလျက်ရှိရာ ဈေးကွက်ကောင်းမွန်၍ ဒေသရေမြေသဘာဝနှင့် သင့်တော်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း၊ ဆာဖိုးသာစပါးကို စမ်းသပ်စိုက်ပျိုးရာတွင် သက်တမ်းအားဖြင့် (၁၁၅)ရက်သာဖြစ်သည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် မနောသုခစပါး၊ ရွှေအာဆီယံစပါး၊ ဆားငန်ခံ-၆၊ ဆားငန်ခံ-၅ စပါးစိုက်ခင်းများအား လိုက်လံရှင်းလင်း ပြသခဲ့သည်။
အဆိုပါတောင်သူအသိပညာပေးခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ကျေးရွာရှိ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment