တရုတ်ရေတပ် ၄၅ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေးတပ်ဖွဲ့ အေဒင်ပင်လယ်ကွေ့သို့ ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်ရေတပ် ၄၅ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေးတပ်ဖွဲ့ အေဒင်ပင်လယ်ကွေ့သို့ ထွက်ခွာ




ချင်းသောင်၊ စက်တင်ဘာ ၁၃ 

တရုတ်ရေတပ် ၄၅ ကြိမ်မြောက် ရေကြောင်း စောင့်ရှောက်ရေးတပ်ဖွဲ့သည် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီ ပင်လယ်ပြင်ရှိ ၄၄ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေးတပ်ဖွဲ့၏ တာဝန်ကို လွှဲပြောင်းထမ်းဆောင်ရန် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့သည်။

၄၅ ကြိမ်မြောက် ရေကြောင်း စောင့်ရှောက်ရေးတပ်ဖွဲ့ကို တရုတ်နိုင်ငံ မြောက်ပိုင်းဒေသ စစ်ဌာနချုပ် ရေတပ် တပ်ဖွဲ့အင်အားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော ဝူးလူမုချီ၊ ပဲ့ထိန်းဒုံးကျည် ဖရီးဂိတ်စစ်င်္ဘော လျင်ရီ ၊ ဘက်စုံ ထောက်ပံ့ရေးသင်္ဘော တုန်းဖိန်ဟူ၊ သင်္ဘောတင် ရဟတ်ယာဉ် ၂ စင်းနှင့် အထူးတပ်ဖွဲ့ဝင်အချို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ရေယာဉ် ၃ စင်းသည် ထိုမတိုင်မီ ရေကြောင်း စောင့်ရှောက်ရေးတာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

တာဝန်ထမ်းဆောင်စဉ် ကာလအတွင်းမှာ တပ်ဖွဲ့အနေဖြင့် အခြေအနေများ၏ထူးခြားချက်ကို အတိအကျ သုံးသပ်လေ့လာသွားမည် ဖြစ်ပြီး ရေကြောင်းလိုက်ပါစောင့်ရှောက်ရေး၊ ရေကြောင်းထောက်ပံ့ရေး စသည့် နည်းလမ်းများနှင့်ပြင်ဆင်မှုများကို ကောင်းမွန် ပြည့်စုံအောင် ပြင်ဆင်ခြင်း၊ ဖွဲ့စည်းဆောင်ရွက်မှုများကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

အဓိကအားဖြင့် ပြန်ပေးဆွဲခံရသည့် ကုန်သည်သင်္ဘောများကို လက်နက်အင်အားသုံး ကယ်ဆယ်ခြင်း၊ အကြမ်းဖက်နှင့် ပင်လယ်ဓားပြ တိုက်ဖျက်ခြင်း ၊ လက်နက် လက်တွေ့အသုံးပြုခြင်းစသည့် ဦးတည်ချက်ထား လေ့ကျင့်မှုများ ပြုလုပ်ကာ တပ်ဖွဲ့၏ ရေကြောင်းလိုက်ပါစောင့်ရှောက်မှုစွမ်းရည်ကို တစ်ဆင့်တိုး မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။ 


Ref - (Xinhua)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)