MNP ၊ စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၃ ခုနှစ် ခရစ်ကတ်(ကျား/မ)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်း နေရာယူပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင့်တင့်၊ မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်မှ နည်းပြချုပ် ဦးရဲမျိုးထွန်း တို့က အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကြည်ဇော်ထွန်း၊ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကြည်စိုး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးလောင်းထန် ၊ မြို့နယ်အားကစားမှူးဦးသက်ပိုင်ထွန်း၊ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင့်တင့်၊ မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်မှ နည်းပြချုပ် ဦးရဲမျိုးထွန်း၊ အမှတ် (၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကြည်ဖြူအောင် တို့က ပြိုင်ပွဲဝင်အသင်းများအား ငွေကျပ်တစ်သိန်းစီ ဂုဏ်ပြုထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၁၈ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမျိုးသားအသင်း (၈)သင်းနှင့် အမျိုးသမီးအသင်း (၈)သင်း ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment