အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ယနေ့ ယှဉ်ပြိုင်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ယနေ့ ယှဉ်ပြိုင်မည်


MNP ၊ စက်တင်ဘာ ၁၉

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့ စက်တင်ဘာ ၁၉ ရက်တွင် စတင်မည်ဖြစ်ပြီး မြန်မာအသင်းသည် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပြိုင်ပွဲကို အုပ်စုခြောက်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းသည် စက်တင်ဘာ ၁၉ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အခြားပွဲများအဖြစ်တရုတ်နှင့် အိန္ဒိယ၊ ဗီယက်နမ်နှင့် မွန်ဂိုလီးယား၊ ဆော်ဒီအာရေဗျနှင့် အီရန်၊ ဘာရိန်းနှင့် ထိုင်း၊ တောင်ကိုရီးယားနှင့်ကူဝိတ်၊ မြောက်ကိုရီးယားနှင့် တရုတ်(တိုင်ပေ)၊ အင်ဒိုနီးရှားနှင့် ကာဂျစ္စတန်အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲများကို စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရအသင်းများအနက် အကောင်းဆုံးလေးသင်း စုစုပေါင်း ၁၆ သင်းမှာ ရှုံးထွက်အဆင့် တက်ရောက်ခွင့်ရမည်ဖြစ်သည်။


ဓာတ်ပုံ - MFF

https://t.me/MyanmarNationalPost

No comments:

Post a Comment