သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး‌ဦးစီးဌာနမှ ဝါ‌ခေါင်လပြည့်ကျော်(၁၀)ရက်နေ့ သံဃိက သံဃာ့ဒါန အရုဏ်ဆွမ်း ဒုတိယပတ် စုပေါင်း လောင်းလှူပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး‌ဦးစီးဌာနမှ ဝါ‌ခေါင်လပြည့်ကျော်(၁၀)ရက်နေ့ သံဃိက သံဃာ့ဒါန အရုဏ်ဆွမ်း ဒုတိယပတ် စုပေါင်း လောင်းလှူပူဇော်



MNP ၊  စက်တင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျှောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်း သံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်းအာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယနေ့ ဝါ‌ခေါင်လပြည့်ကျော်(၁၀)ရက် ယမန်နေ့ နံနက် ၄ နာရီခွဲ အချိန်မှ စတင်၍ အမှတ်(၃)ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အာရုဏ်ဆွမ်း ဒုတိယပတ် စုပေါင်း လောင်းလှူပူဇော်ကြသည်။


ထိုသို့ အရုဏ်ဆွမ်းပတ် လောင်းလှူပူဇော်ပွဲကို မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၄)ကျောင်းမှ ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်း သံဃာတော် အပါး(၁၃၅)ပါးတို့ကို ပင့်ဖိတ်၍ အမှတ်(၃)ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်အေးခန်းမ၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စာရေးဝန်ထမ်းမိသားစု အလှူရှင်များမှ နိဗ္ဗာန်ရည်မှန်း စုပေါင်းထည့်ဝင်လှူဒါန်းအပ်‌သော၍ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူ ပူဇော်ကြပြီး လှူဒါန်းမှုအတွက် အလှူရှင်များက အမျှပေးဝေ ဝမ်းမြောက်ဝမ်းသာ သာဓု(၃)ကြိမ် ခေါ်ဆိုကြကြောင်း သိရသည်။


မျိုးဇော်သိန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment