MNP ၊ စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အသေးစားစက်မှုလက်မှုဦးစီးဌာန ၊ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးမြင့်က အသေးစားစက်မှုလက်မှုဦးစီးဌာန ၊ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းဝန်ထမ်းများ၊ သင်တန်းသား / သူများနှင့်တွေ့ဆုံပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ရွှေတောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနွယ်က သင်တန်းကျောင်း၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကျောင်းဖွင့်လှစ်သင်ကြားနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဒုတိယဝန်ကြီးဦးစိုးမြင့်က သင်တန်းကျောင်း၏လိုအပ်ချက်များကို လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဒုတိယ ဝန်ကြီးဦးစိုးမြင့်က စာသင်ခန်းကျောင်းဆောင်တည်ရှိနေမှုအခြေအနေ၊ရုံးခန်းအဆောက်အဦး၊လက်တွေ့ပြသခန်းဆောင်ရွက်နေမှု အခြေအနေများနှင့် သင်တန်းသား/ သူများ အိပ်ဆောင်၊စားသောက်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment