MNP ၊ စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ခြင်ကိုက် ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့်အခြားရောဂါများမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်နိုင်ရေးဖုံး၊ သွန်၊ လဲ၊ စစ်၊အဘိတ်ဆေးခတ် ခြင်းတို့ကို စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၇နာရီက အနောက်စုရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရး အသင်းဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အနောက်စုရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ခြင်ပိုးလောက်လန်းများပေါက်ပွားစေနိုင်သည့်ရေတွင်း၊ ရေလှောင်ကန်၊ ဘုရားပန်းအိုး၊ရေအိုးများ၊တာယာအဟောင်း များ စသည့်တို့တွင် ခြင်ပိုးလောက်လန်းများ ပေါက်ဖွားမှု မရှိစေရန် ကြည့်ရှုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးများခတ်ခြင်းများဆောင်ရွက်ခဲ့ပြီး ခြင်ကိုက်ခံရခြင်းကြောင့်သွေးလွန်တုပ်ကွေးနှင့် အခြားဖြစ်ပွားတတ်သည့် ရောဂါများ မဖြစ်ပေါ်စေရန် နေအိမ်ပိုင်ရှင်များအား ကျန်းမာရေး အသိပညာပေးဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment