MNP ၊ စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ် မာန်အောင်မြို့ သန့်ရှင်း သာယာလှပစေရေးအတွက် အပတ်စဥ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မြို့နယ်ခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်း သန့် ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ် ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က
မြို့နယ်ခန်းမ ဝင်း အတွင်းရှိ မြက်ပင်များ၊ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်းစသည့် သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် အမှိုက်ကားဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကာ သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment