MNP ၊ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်အတွင်း အသက် ၁၀ နှစ်ပြည့်ပြီး ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော တာဝန်ရှိသူများက ကျောင်းသားကျောင်းသူ ၉၈ ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီး ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသားကျောင်းသူများထံသို့ လက်ဝယ်အရောက် အခမဲ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိပြီးသည့် ကျောင်းသားကျောင်းသူများအား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းလှကျော်နှင့်ဝန်ထမ်းများ က ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ၍ ဂဏန်း ၁၀လုံး QR Code ပါသည့် Unique ID ကတ်ပြားများ ကို တစ်ပါတည်း ထုတ်ပေးခဲ့ကြောင်း သိရသည်။
ချော
https://t.me/MyanmarNationalPost
No comments:
Post a Comment