MNP ၊ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာ၊ စိုက်ပျိုးရေးအသိပညာပေးစခန်း၌ ယနေ့နံနက် ၁၁ နာရီအချိန်က သဲကုန်းကျေးရွာ၊ ကြာဖြူကျေးရွာ၊ ကြခတ်ကုန်းကျေးရွာမှ တောင်သူများအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးအဖွဲ့မှ တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းသို့ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ၎င်းကျေးရွာရှိတောင်သူများအား မိုးစပါးစိုက်ပျိုးရာတွင်အထွက်နှုန်းကောင်းမွန်စေရန် နည်းမှန်လမ်းမှန်စိုက်ပျိုးရန်၊ မိုးစပါစိုက်ပျိုးရာတွင် ရွှေခရု၊ သီးနှံဖျက်ပိုး ကာကွယ်ရန်နည်းလမ်းများနှင့် မိုးစပါရိတ်သိမ်းချိန်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေး ကော်မတီထံအသိပေးရန်၊ ယခင်နှစ်ထက် ယခုနှစ်ပိုမိုအထွက်နှုန်း ကောင်းမွန်အောင်စိုက်ပျိုးကြရန် စသည့်အကြောင်းအရာများကို လည်းကောင်း၊ ပိုက်ဆံလျှော်မျိုးထုတ်ဧက ပြည့်မှီအောင်စိုက်ပျိုးကြရန်၊ လမ်းဘေးဝဲယာတစ်လျှောက် ပိုက်ဆံလျှော်စိုက်ပျိုးကြရန်၊ ဒေသတွင်းစားသုံးဆီ ဖူလုံစေရေး မြေပဲ၊ နေကြာဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ပိုက်ဆံလျှော်အပင်ရှင်သန်မှု အခြေအနေများ၊ မိုးစပါးအပင်ဖြစ်ထွန်းမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ လမ်ညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment