ပုဇွန်တောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်






MNP ၊  စက်တင်ဘာ ၅

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နိုင်ရန်ဖွဲ့စည်းထားပြီး မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူအကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန် (၄) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနည်းတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များလည်း စနစ်တကျထိထိရောက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က ပြောင်းလဲလာသော ခေတ်နှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အလွန်အရေးပါကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချသော လေ့ကျင့်ရေးနည်းပညာရပ်များကို မိမိဒေသအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကို မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများတွင် စနစ်တကျ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်လွင်က မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄) ရပ်နှင့် မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များအား မီးသတ်တပ်ဖွဲ့ဝင်များ သိရှိလိုက်နာအကောင်အထည်ဖော်နိုင်ရန်   ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်ကျော်လွင်က သင်တန်းသားများအား မီးသတ်တူညီဝတ်စုံများ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ သင်တန်းကို မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးဖြင့် စက်တင်ဘာလ ၄ ရက်နေ့မှ ၂၉ ရက်နေ့ထိ သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)