ရန်ကုန် ၊ စက်တင်ဘာ ၄
“ကျောက်ဖြူ အနာဂတ်” ပရဟိတ လုပ်ငန်းများဆိုင်ရာ လူထုတွေ့ဆုံပွဲကို စက်တင်ဘာ ၂ ရက် ညနေပိုင်းက ကျောက်ဖြူမြို့ လူငယ်စင်တာတွင် အောင်မြင်စွာ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး စီးပွားရေးသံမှူး Ouyang Daobing ၊ ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးဦးသန်းမြင့်၊ စီမံကိန်းပူးပေါင်းဆောင်ရွက်သူများဖြစ်သည့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Rural Development) ၊ Kunming Zhi Gen လူမှုရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစင်တာတို့မှ တာဝန်ရှိသူများ ၊ CITIC Myanmar မန်နေဂျင်းဒါရိုက်တာ Liang Chuanxin ၊ ဒုတိယ မန်နေဂျင်း ဒါရိုက်တာ Ma Chuanfu၊ ကျောက်ဖြူ လူမှုအသိုက်အဝန်းအသီးသီးမှ ကိုယ်စားလှယ်များ စသည့် လူပေါင်း ၈၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
CITIC Myanmar ဒုတိယ မန်နေဂျင်း ဒါရိုက်တာ Ma Chuanfuက မကြာမီ စတင်တော့မည့် “ကျောက်ဖြူ အနာဂတ်” စီမံကိန်းများ ဖြစ်သည့် ရွေ့လျားဆေးခန်း စီမံကိန်း(Mobile Clinic) ၊ အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ စီမံကိန်း (Smiling Children Program) ၊ တရုတ်ဘာသာစကား သင်တန်း စီမံကိန်း ၊ လမုတော စိုက်ပျိုးရေး စီမံကိန်း (Mangrove Planting) စသည့် ပရဟိတ စီမံကိန်း ၄ ခု၏ အခြေအနေနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ပရဟိတစီမံကိန်း တာဝန်ခံအသီးသီးက ယခုကဲ့သို့ ကုသိုလ်ဖြစ် စီမံကိန်းများ ပြုလုပ်ရသည့် ရည်ရွယ်ချက်၊ အကြောင်းအရာနှင့် အစီအစဉ်များကို မိတ်ဆက်ပြောကြားခဲ့သည်။
ကျောက်ဖြူဒေသခံကိုယ်စားလှယ်များကလည်း CITIC အနေဖြင့် ကျောက်ဖြူတွင် ရေရှည် ကုသိုလ်ဖြစ်စီမံကိန်းများ ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လူမှုတာဝန်ထမ်းဆောင်ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သလို ယင်းစီမံကိန်းများအပေါ် အပြုသဘောအကြုံပြုချက်များ ပေးခဲ့ကြရာ ဒေသခံပြည်သူများ ပို၍အကျိုးခံစားမှုရရှိစေရန် ကုသိုလ်ဖြစ်စီမံကိန်းများကို ပို၍ ကျယ်ပြန့်စွာ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
CITIC Myanmar မန်နေဂျင်းဒါရိုက်တာ Liang Chuanxin က “ကျောက်ဖြူ အနာဂတ်” ပရဟိတ စီမံကိန်းများကို ပံ့ပိုးပေးကြသော ဒေသခံအစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ လူမှုအသိုက်အဝန်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် စီမံကိန်း ဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ကြသော မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ CITIC Consortium ရင်းနှီးမြှုပ်နှံသည့် ကျောက်ဖြူ အထူးစီးပွားရေး စီမံကိန်းသည် ရေရှည် ဖော်ဆောင်လျက်ရှိသည့် အကြီးစား အခြေခံအဆောက်အဦ စီမံကိန်းဖြစ်ပြီး ကျောက်ဖြူ၌ တည်ရှိသည့်စီမံကိန်းက ကျောက်ဖြူကို အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း CITIC အနေဖြင့် ဒေသခံပြည်သူလူထုနှင့်အတူ အခက်အခဲများကို အေးအတူ ပူအမျှ အတူဖြတ်သန်း၍ ကျောက်ဖြူကို ပို၍ သာယာဝပြောသည့် ဆိပ်ကမ်းမြို့အဖြစ် လက်တွဲအတူ တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စီးပွားရေးသံမှူး Ouyang Daobing က CITIC အနေဖြင့် ကုမ္ပဏီလုပ်ငန်းများ လူမှုတာဝန်ထမ်းဆောင်၍ ကုသိုလ်ဖြစ် ပရဟိတ လုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်သည့်အပေါ် အသိအမှတ်ပြု ပြောကြားခဲ့သည်။
CITIC Consortium သည် ကျောက်ဖြူ စီမံကိန်း တင်ဒါအောင်ပြီးသည့်အချိန်မှစ၍ ကျောက်ဖြူ၌ စုစည်း ဆောင်ရွက်နိုင်ခဲ့သည့် ပရဟိတ လုပ်ငန်း စီမံကိန်းများ၏ စုစုပေါင်း တန်ဖိုးမှာ တရုတ်ယွမ်ငွေ သန်း ၂၀ ကျော် ရှိပြီရာ
ကျေးလက်ရန်ပုံငွေစီမံကိန်း၊ သဘာဝ ရေဘေး အန္တရာယ် ကူညီကယ်ဆယ်ရေး၊ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မေတ္တာအိတ်ထုပ် ကျောပိုးအိတ်များ နှင့် CITIC POLO ရှပ်အင်္ကျီပေးဝေခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခြင်း စသည့် ပရဟိတ စီမံကိန်းပေါင်း ၁၀ ခုကျော်ကို ဆောင်ရွက်ခဲ့ရာတွင် သောင်းနှင့်ချီသော ဒေသခံများကို အကျိုးပြုနိုင်ခဲ့သည်။ အဆိုပါ စီမံကိန်းများကို မကျင်းပမီ ပွင့်လင်းမြင်သာမှုရှိစွာ လူထုတွေ့ဆုံပွဲများ ပြုလုပ်၍ လူထုသဘောထားနှင့်အကြံပြုချက်များကို ရယူခဲ့ခြင်းဖြင့် ဒေသ၏လိုအပ်ချက်၊ ဒေသခံလူထုအတွက် ပို၍ကောင်းမွန်စေသော စီမံကိန်းများကို မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Ref - (Xinhua)
#MyanmarNationalPost
No comments:
Post a Comment