MNP ၊ စက်တင်ဘာ ၁
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ နည်းပညာများကို ကျွမ်းကျင်စွာတတ်မြောက်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် PowerDirector Software VIDEO တည်းဖြတ်နည်း သင်တန်းကို ယနေ့နံနက် ၉ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်သည်။
ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အသစ်ထပ်မံချမှတ်သည့် ဦးတည်ချက်(၉)ရပ်နှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍ သင်တန်းကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးရာ သံတွဲခရိုင်အတွင်းရှိ ဝန်ထမ်း(၁၄)ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြအဖြစ် ခရိုင်ရုံးမှ ဓာတ်ပုံကျွမ်းကျင်(၂) (အင်အားပြ) ဦးနေမျိုးအောင် က သင်ကြားပို့ချပေးလျက်ရှိသည်။
သန့်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment