MNP ၊ စက်တင်ဘာ ၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ အချိန်တွင် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre Lashio)သို့ လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Community Centre (Lashio) မြေညီထပ်ရှိ တိုင်းရင်း သားရိုးရာပြခန်း၊ ကလေးစာဖတ်ခန်း၊ ပထမထပ်ရှိ ပြည်သူ့စာကြည့်တိုက်၊ ဒုတိယထပ်ရှိ ရုံးခန်းများ၊ တတိယထပ်ရှိ ကွန်ပျူတာသင်တန်းခန်းမ၊ အစည်းအဝေးခန်းမ၊ စတုတ္ထထပ်ရှိ အားကစားခန်းမ၊ သင်တန်းခန်းမ၊ ပဉ္စမထပ်ရှိ ဘက်စုံသုံးခန်းမနှင့် လေဟာပြင်အားကစားကွင်းတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ယင်းနောက် လူထုအခြေပြုဗဟိုဌာန ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ်(၁၀) သိန်းပေးအပ်ခဲ့ပြီး ပြည်သူများ အင်တာနက် ပိုမိုအသုံးပြုနိုင်ရေးအတွက် Wifi များအား အဆောက်အဦအထပ်တိုင်းတွင် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost





No comments:
Post a Comment