MNP ၊ စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိ်နက ရုံးစာရေးသားနည်းသင်တန်းကို ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကထုတ်ဝေထားသည့် ရုံးလုပ်ငန်းလက်စွဲ အခန်း ၇ ပါ ရုံးစာရေးသား နည်းဘာသာရပ်ကို ဦးကျော်သူဟိန်း ဦးစီးအရာရှိက ဝန်ထမ်းများအား သင်ကြားပို့ချပေးခဲ့ကြောင်းနှင့် သင်တန်းအား ယခုလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါသင်တန်း၌ ရုံးစာရေးသားနည်းတွင် အရေးပါသော အချက်အလက်များကို အထူးပေါ်လွင် ထင်ရှားစေပြီး သက်ဆိုင်သူများ ဂရုပြုမိစေရန်နှင့် သတ်မှတ်ထားသည့် နည်းစနစ်အတိုင်း တိုတောင်းရှင်း လင်း၍ တိကျစွာ စီစဉ်ရေးသားနိုင်စေရန် ရည်ရွယ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment