သထုံမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ပြီး ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ အစားထိုးစိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ပြီး ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ အစားထိုးစိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး






MNP ၊  စက်တင်ဘာ  ၁၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာတွင် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် အဆိုပါကျေးရွာရှိ တောင်သူနှစ်ဦး၏ လယ်ယာမြေ၌ ပျိုးပင်များအား ပျိုးဗန်းများဖြင့် ပျိုးထောင်ထားရှိမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ ယနေ့၊ နံနက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ပျိုးထောင်ထားရှိမှုအား စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က တောင်သူနှစ်ဦး၏လယ်ယာမြေ၌ ပျိုးထောင်ထားရှိသည့် "ရတနာတိုး" မျိုးစပါးများအား ကျန်းမာသန်စွမ်းသည့် မျိုးသန့်မျိုးစပါးများရရှိရေး၊ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့ကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်တို့ကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြသည်။


သထုံမြိုနယ်အတွင်း မိုးစပါးစိုက်ဧကပေါင်း(၁၃၃၁၁၁)ဧက ရှိသည့်အနက် ပြီးခဲသည့် ဇူလိုင်လ စတုတ္ထပတ်မှစတင်ကာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအုပ်စု(၂၀)တို့၌ မိုးစပါးစိုက်ဧကစုစုပေါင်း လေးသောင်းကျော်ခန့် ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းတို့အနက် (၁၈၈၄၆)ဧက သေကြေပျက်စီးခဲ့ရပြီး အဆိုပါပျက်စီးဧကများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်၍ အမြန်ဆုံးပြန်လည်စိုက်ပျိုးခဲ့ရာ ယမန်နေ့အထိ (၆၆၀၆)ဧက ပြန်လည်စိုက်ပျိုးပြီးဖြစ်ကြောင်း ကျန်ရှိသည့် ပျက်စီးဧကများကို သားတက်ခွဲခြင်း၊ အရန်ပျိုးဖြင့်စိုက်ပျိုးခြင်း၊ ပျိုးဗန်းများဖြင့်စိုက်ပျိုးခြင်း၊ ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးခြင်း စသည့်နည်းလမ်းတို့ဖြင့် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)