Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့် ပြတ်တောက်နိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့် ပြတ်တောက်နိုင်


MNP ၊ စက်တင်ဘာ ၁၃

နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း) တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသို့ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း၊ Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ်မတ်လတွင် (၁)ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာ လဆန်းတို့တွင် (၁) ကြိမ် ကြုံတွေ့ရလေ့ရှိကြောင်း၊ ၎င်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO (စလောင်း) အရွယ် အစားနှင့် တည်နေရာတို့အပေါ်မူတည်၍ Sun Outage ဖြစ်သောအချိန်နှင့် Signal ပြတ်တောက်မှု ကြာချိန်တို့ ကွာခြားမှုရှိကြောင်း၊ Sun Outage ဖြစ်စဉ်ကြောင့် Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော TV Channel များနှင့် ရေဒီယို အစီအစဉ်များသည် ၂၅-၉-၂၀၂၃ ရက်နေ့မှ ၆-၁၀-၂၀၂၃ ရက်နေ့အထိ နေ့စဉ် (၁)မိနစ်မှ (၁၈) မိနစ်ခန့်အထိ Signal ပြတ်တောက်မှုဖြစ်ပေါ်နိုင်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment