Electric Vehicle သုံး လီသီယမ်ဘက်ထရီဆိုင်ရာ သုတေသနများ ထိရောက်စွာမြှင့်တင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

Electric Vehicle သုံး လီသီယမ်ဘက်ထရီဆိုင်ရာ သုတေသနများ ထိရောက်စွာမြှင့်တင်ဆောင်ရွက်



MNP ၊ စက်တင်ဘာ ၄

နိုင်ငံ့အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ဟန်ချက်ညီညီ အထောက်အပံ့ပြုမည့် သုတေသနများကို အဓိကဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ယမန်နေ့က ဒြပ်ပစ္စည်းသိပ္ပံ သုတေသနဌာန(အေလာ)၌ တာဝန်ရှိသူများကို တိုက်တွန်းပြောကြားခဲ့သည်။


ထို့ပြင်ဒုတိယဝန်ကြီးက သယံဇာတရင်းမြစ်များမှ အဖိုးတန်သတ္တုများ ထုတ်လုပ်ရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် သတ္တုဗေဒနှင့် ဒြပ်ပစ္စည်းသိပ္ပံ သုတေသနလုပ်ငန်းများသည် အခရာကျသဖြင့် ခေတ်မီနည်းပညာများ အသုံးချနိုင်ရေးနှင့် အရည် အသွေးပြည့်မီသော မျိုးဆက်သစ်သုတေသီများ စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊ ဌာနတွင်းတက္ကသိုလ်များအပြင် ဆက်စပ်ဌာနများဖြင့်ပါ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံ့အကျိုးပြုသုတေသနရလဒ်များ ဖြန့်ဝေပေးရန်၊ သုတေသီများစွမ်းရည်မြင့်မားရေး အစဉ်ဆောင်ရွက်ရန်၊ နိုင်ငံ့ရေရှည် အကျိုးဖြစ်ထွန်းစေမည့် သုတေသနများဖြင့် ရှင်သန် နေသော ရပ်ဝန်းကောင်းတစ်ခုဖြစ်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်၊ Electric Vehicle သုံး လီသီယမ်ဘက်ထရီဆိုင်ရာ ဒြပ်ပေါင်းများစမ်းသပ်ထုတ်လုပ်ခြင်း၊ စွန့်ပစ်ဘက်ထရီများ စီမံခန့်ခွဲမှု ပြုလုပ်ခြင်းနှင့် လျှပ်စစ်စွန့်ပစ်ပစ္စည်းများမှ အဖိုးတန်အသုံးဝင်သောသတ္တုများ စမ်းသပ်ထုတ်လုပ်ခြင်း သုတေသနတို့ကို ထိရောက်စွာမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တာဝန်ခံက ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ကြာမှောက်ကြာလှန်ဧရိယာမှ ရွှေစင်ရွှေပြားများကို ပြန်လည်သန့်စင်၍ ရွှေစင်ထုတ်လုပ်ခြင်းနှင့် အခြားဆောင်ရွက်ပြီး သုတေသနများကိုလည်းကောင်း၊ သတ္တုဗေဒသုတေသနဌာနခွဲ၊ သံ၊ သံမဏိနှင့်သတ္တုစပ်ဌာနခွဲတို့တွင် လက်ရှိဆောင်ရွက်ဆဲ သုတေသနများကို လည်းကောင်း ရှင်းလင်းတင်ပြပြီး ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဓာတုသုတေသန ဌာနစုရှိ လီသီယမ်ဒြပ်ပေါင်း သုတေသနလုပ်ငန်းများ၊ ဓာတ်ခွဲခန်းဌာနစုရှိ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဇလသတ္တုဗေဒနှင့် အဂ္ဂိသတ္တုဗေဒဌာနစုတို့ရှိ မြေရှားဒြပ်စင် သုတေသနလုပ်ငန်းများ၊ တွင်းထွက်ဗေဒနှင့် သတ္တုရိုင်းသန့်စင်ဌာနစုတို့ရှိ သတ္တုအရည်အသွေး မြှင့်တင်ခြင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။       


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)