ပုဏ္ဏားကျွန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV အကြောင်း အသိပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV အကြောင်း အသိပေးဆွေးနွေးပွဲကျင်းပ






MNP ၊  စက်တင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့၊ မွန်းလွဲ ၂ နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက အဖွင့် အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာအောင်စစ်ထွန်းက ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေတစ်သိန်းတွင် ၁၃ ဒဿမ ၃ ဦး ရှိကြောင်းနှင့် ရောဂါကြောင့်သေဆုံးမှုမှာ ၆ ဒဿမ ၉ ဦး ရှိနေကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင်ဖြစ်ပွားခဲ့ပြီး၊ ၎င်းနိုင်ငံများတွင် ရောဂါကြောင့်သေဆုံးမှုနှုန်း မြင့်မားနေသည်ကို တွေ့ရှိရှိရကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ် ဆေး ထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် Human Papilloma Virus(HPV) သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း Video Clips ဖြင့်ရှင်းလင်းပြသခဲ့သည်။


ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျောင်းအခြေပြု HPV ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံသွားမည်ဖြစ်ပြီး၊ ပြည်သူအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)